အမေရိကသမ္မတ၏ပေါ်လစီသည် တကမ္ဘာလုံး၏ နိုင်ငံရေးစီးပွားရေးလူမှုရေး စစ်ရေးများသို့ သိသာစွာသက်ရောက်နိုင်ပါသည်။ သမ္မတဖျက်လျှင် ကမ္ဘာပျက်ပါလိမ့်။ တနည်းအားဖြင့် အမေရိကား၏သမ္မတရွေးပွဲသည် ကမ္ဘာ့သမ္မတရွေးပွဲဟုပင်ဆိုနိုင်သည် တမုံ့။ “မိရိုးဖလာ ကွန်ဆာ့ဗေးတစ်မြန်မာတွေ” မြန်မာနိုင်ငံမှ အမေရိကားသို့ပြောင်းရွေ့အခြေချလာသူတို့မှာပြည်သူပိုင်သိမ်း၊ မြန်မာ့ရှယ်လစ်ပါတီလမ်းစဉ်ပါတီ၏ ပေါ်လစီများ ၊ လူမျိုးရေးအဓိကရုန်း၊ ဦးသန့်၊ အလုပ် သမား၊ ၁၉၈၈ အရေးတော်ပုံနှင့် ၂၀၀၇ သင်္ကန်းရောင်တော်လှန်ရေး စသည်တို့ကြောင့် မိခင်နိုင်ငံမှ ထွက်ခွာ၍ ရောက်ရှိလာသူအများစုဖြစ်ပေရာ ဆိုရှယ်လစ်၊ အစိုးရထိန်းချုပ်မှုများခြင်း၊ အာဏာရှင် စသည်များကို မကြိုက်မနှစ်သက်သူအများစုပါ။ သို့နှင့် သဘာဝအလျှောက် ညာ/ ရှေးရိုးစွဲများဖြစ်ကြ၏။ကမ္ဘာ၏ ခေတ်အခြေအနေမှာမူ ပြောင်းပြန်ဖြစ်သည်။ နောက်ပိုင်းမျိုးဆက် (Millenials, Gen Z-er )များသည် မိရိုးဖလာဘာသာရေး၏အစွဲမရှိ ဘာသာမဲ့များလာသည်ဟု Pew ဆန်းစစ်ချက်များကပြဆိုသည်။ အထူးသဖြင့် ဥရောပနှင့် ဖွံ့ဖြိုးတိုးတက်လာသော အရှေ့အာရှနိုင်ငံများသည် စံချိန်တင်ဘာသာမဲ့များဖြစ်လာနေကြသည်။ […]
Source link
Post a Comment